နယ်စပ်လုံခြုံရေး မြန်မာ ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံကြား နယ်စပ် လုံခြုံရေး ဆွေးနွေးကြမယ်လို့ ဘင်္ဂလားဒေ့ ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသပြဿနာတွေ ဆွေးနွေးကြဖို့ အတွက် လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲကျင်းပရေး အဆိုကို မြန်မာအစိုးရဘက်က အပြုသဘောတုံ့ပြန် ခဲ့ကြောင်း၊ အစည်းအဝေး ကျင်းပနိုင်ပြီဆိုရင်နှစ်နိုင်ငံ လုံခြုံရေးနဲ့ နယ်စပ်တပ်ဖွဲ့တွေကိစ္စ ထဲထဲဝင် ဝင်ဆွေးနွေး မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင် ငံခြားရေး ဝန်ကြီး Shahidul Haque က ပြောဆိုပါ တယ်။

BIISS ခေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန က ကမကထပြုကျင်းပခဲ့ပြီး၊ မြန်မာ နိုင်ငံ တကာ မဟာဗျူဟာ လေ့လာရေးဌာန ပါဝင်တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာ ဆက်ဆံရေးဆိုင်ရာ ဆွေးနွေး ပွဲမှာ ပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် မြန်မာ ဆက်ဆံရေးဟာ တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုချို့တဲ့နေမှု နဲ့ ရင်ဆိုင်နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် က လူမျိုးရေးပြဿနာကြောင့် ထောင်နဲ့ချီတဲ့ မူဆလင်တွေ ဝင်ရောက်လာ နေတာ ကို ဘင်္ဂလားဒေ့ရှ်က စိုးရိမ်နေကြောင်း၊ ဒါပေမဲ့ တစ်ဖက်ကိုတစ်ဖက် အပြစ်ဖို့နေမယ့်အစား ပြဿနာကို အတူတကွ ပူးပေါင်းဖြေရှင်းကြရမှာဖြစ်ကြောင်း လည်းပြောပါတယ်။