မြန်မာ လေယာဉ်ပျံ တရုတ်ပိုင်နက် ဝင်ရောက်ခဲ့ခြင်း မရှိ

ကေအိုင်အေ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် မြန်မာ အစိုးရ လေယာဉ်ပျံတွေ တရုတ်နိုင်ငံ ပိုင်နက်ထဲ ဝင်ရောက် ပျံသန်းခဲ့တယ် ဆိုတာ မဟုတ်မမှန်ပါဖူးလို့ တရုတ်လေတပ် က ပြောကြား လိုက်ပါတယ်။
2013-01-05
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

တရုတ်လေတပ်မတော်ရဲ့ စနေနေ့ထုတ်ပြန်ချက်မှာ မြန်မာနဲ့ ကချင်တပ်ဖွဲ့တွေအကြား ပြဿနာတွေ ပေါ်ပေါက်ခဲ့ချိန်ကစပြီး မိမိတို့လေတပ်ဖွဲ့အနေနဲ့ တရုတ်-မြန်မာ နယ်ခြားဒေသကို တင်းတင်းကျပ်ကျပ် ထောက်လှမ်း စောင့်ကြည့်ခဲ့ကြောင်း၊  မြန်မာလေယာဉ်ပျံတွေဟာ တရုတ်ပြည်ပိုင်နက်နဲ့ ၅ ကီလိုမီတာအထိပဲ ချဉ်းကပ်ပျံသန်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာလေတပ်က ကြဲချခဲ့တဲ့ ဗုံး ၃ လုံး တနင်္ဂနွေနေ့က တရုတ်ပိုင်နက်ထဲ ကျရောက်တဲ့အတွက် တရုတ်နိုင်ငံခြားရေးဌာနက မြန်မာအစိုးရကို သောကြာနေ့မှာ သတိပေး ကန့်ကွက်ခဲ့ပြီး နောက်တရက်မှာ တရုတ်လေတပ်မတော်ရဲ့ ထုတ်ပြန်ချက် အခုလို ပေါ်ထွက်လာတာဖြစ်ပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

soe soe

နေရပ်- yin jang (china)

china is always completely cover for xxx Burma military


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Jan 09, 2013 12:21 PM

Charlie

If Burmese planes did not come near Cina border, why did the Foreign Office spokesperson said 3 bombs dropped on Chinese territory? Who to believe, the Chinese Foreign Ministry or the Chinese Air FOrce?

Jan 06, 2013 11:14 AM