ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ရေး အတွက် မြန်မာကိုယ်စားလှယ်တွေ အမေရိကန်မှာလေ့လာ


2013.08.12
rndp-rfa-305.JPG အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်ကို အလည်ရောက်ရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကို RFA မြန်မာပိုင်း အဖွဲ့သားတချို့နဲ့အတူ တွေ့ရစဉ်
Photo: RFA

ဘာသာရေးနဲ့နွယ်တဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် ဒုက္ခဆင်းရဲကြုံနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေ ကို စိတ်ပိုင်းရုပ်ပိုင်းအရ အားပေးကူညီပြီး တပြိုင်နက် မှာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးတစ်မျိုး အဖြစ် တောင်းဆိုချက်တွေကို နောက်ဆုတ် လိုက်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ပြဿနာတွေ အေးငြိမ်းသွားနိုင်ပါတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP  အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ဒီကနေ့ တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ လေ့ လာရေးအစီအစဉ်နဲ့ ါရှင်တန်ဒီစီ ကို ရောက်လာချိန်မှာ အခုလို ပြောကြားလိုက်တာပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးကဏ္ဍကိုလေ့လာဖို့ လာရောက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအတွက် ဆောင်ရွက်နေသူ ဂ ဦး ပါင်ပါတယ်။

ကျန်တဲ့ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ RFA က ကြိုးစားဆက်သွယ်နေဆဲဖြစ်ပေမယ့် သူတို့ရဲ့အစီအစဉ်တွေ ကြပ်တည်းနေတဲ့အတွက် လတ်တလော မေးမြန်းခွင့်မရသေးပါဘူး။ မြန်မာတိုင်းရင်းသားနဲ့ ဘာသာရေးခေါင်းဆောင်တွေပါဝင်တဲ့ ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂ ပတ်ကြာနေထိုင်ပြီး ဝါရှင်တန် ဒီစီ၊ ဘော်စတွန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ်မြို့တွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။

RFA ရုံးချုပ်ကို လာရောက်ခဲ့စဉ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနဲ့ ဒေါ်စန်းစန်းတင် မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။