မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
2012-07-24
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
elephant-smuggling-b305
မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာအကွယ်ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့က ပြောဆိုပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့ သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မျိးချစ်

နေရပ်- တောင်ပေါ်သား

ခိုးရောင်းနေကြတာတော့ကြာပါပြီ အခုတော့ပိုဆိုးလာတာပေါ့ ကရင်တိုင်းရင်းသားတွေထဲကကိုယ်ကြိုးရှာတဲ့လူနည်းစုရဲ့လုပ်ရပ်တချို့ပါ တာဝန်ရှိဝန်ထမ်းတွေနဲ့ ပေါင်းပြီးလုပ်နေကြတာပါ ကိုယ့်နိုင်ငံရဲ့သဘာဝကပေးတဲ့ ရတနာကိုခိုးယူတာနဲ့အတူတူဘဲလေ တာဝန်ရှိလူကြီးများ စိတ်ဝင်စားစွာနဲ့ စီစစ် စစ်ဆေးအရေးယူမှုတွေပြုလုပ်ဖို့လိုပါပြီ နှာစေးနေတာကြာလာရင် ကင်ဆာဖြစ်နေမှာစိုးရိမ်လို့ပြောလိုက်ရပါတယ်ခင်ဗျာ

Jul 25, 2012 07:04 AM

အမည်မဖော်လိုသူ

ကုန်ပါပြီ.....ကုန်ပါပြီ တို့နိုင်ငံတော့ ကုန်ပါပြီ။ တရုတ်က အမြတ်ထုတ်လိုက် အိန္ဒိယက အမြတ်ထုတ်လိုက် ထိုင်းက ထုတ်လိုက် ဘင်္ဂလားဒေ့ရှ်က ထုတ်လိုက်နဲ့ ကုန်ပြီ ဘာမှ မကျန်တော့ဘူး။ နောက်ဆို လာအိုတို့ ကမ္ဘာဒီးယားတို့ကတောင် အမြတ်ထုတ်ဦးမလားမသိဘူး

Jul 25, 2012 03:21 AM