မြန်မာရေလုပ်သားတွေ အင်ဒို မှာ သောင်တင်

လူမှောင်ခိုသမားတွေလက်က ပြီးခဲ့တဲ့ သီတင်း သုံးပတ်က ကယ်တင်ခဲ့တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရေလုပ်သားတွေဟာ မိခင်နိုင်ငံပြန်ဖို့ ငွေကြေးမလုံလောက် တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်နေတယ်လို့ IMO နိုင်ငံ တကာ နေရပ်ရွှေ့ပြောင်းသူများ အသင်းက ပြောပါတယ်။

အင်ဒိုနီးရှားကမ်းလွန်မှာလုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတွေအတွက် လူမှောင်ခိုကူးနေတာကို စုံစမ်းစစ်ဆေးပြီး တဲ့နောက် မြန်မာရေလုပ်သား ၄၅၅ ယောက်၊ ကမ္ဘောဒီးယား ၉၄ ယောက်နဲ့ လာအို ၈ ယောက်ကို ဒီလထဲမှာ ကယ်တင်နိုင်ခဲ့ပါတယ်။

သူတို့ဟာ လုပ်ခမရဘဲ တနေ့ ၂၂ နာရီ အလုပ်လုပ်ရတဲ့ပြင် ရိုက်နှက်လည်းခံရသေး တယ်လို့ ပြန်ပြောပြပါတယ်။

ကမ္ဘာတဝန်းမှာ လူ ၂၁ လောက် အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ IMO က ခန့်မှန်းထားပါတယ်။