လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီးရှိ

0:00 / 0:00

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုကြီးတွေ အများကြီး ရင်ဆိုင်ရဦးမယ် လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေတွေ လေ့လာစုံစမ်းဖို့ ရန်ကုန်မြို့ကိုရောက်နေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က ပြောကြားကြောင်း စင်ကာပူနိုင်ငံက CNA သတင်းဌာနက ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာသာရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး လုပ်စရာတွေ အများကြီး ရှိနေသေးကြောင်း၊ နှစ်ပေါင်း များစွာ စစ်ဘေးဒဏ်သင့်ခဲ့တဲ့ နယ်စပ်ဒေသတွေ အတွက် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် ပေါ်ထွက်လာဖို့ လေးလေးနက်နက် ဆောင် ရွက်ဖို့လိုကြောင်းလည်း သူကပြောသွားပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာ မစ္စတာ ကင်တားနားဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ကင်တားနားကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချိုတို့က တွေ့ဆုံပြီး လက်ရှိအခြေအနေတွေ ပြောဆိုကြတယ်လို့၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီးက RFA ကို ပြောပါတယ်။

မစ္စတာ ကင်တားနားက ၈၈ မျိုးဆက်အဖွဲ့နဲ့တွေ့ဆုံပြီးတဲ့နောက် စစ်တပ်က ရပ်ကွက်လိုက် သိမ်းဆည်းခံထားရလို့နေအိမ်တွေ ပြန်ရရေးအတွက် မကြာခဏဆန္ဒပြနေတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ရပ်ကွက်သားတွေနဲ့တွေ့ဆုံပြီး သူတို့အခြေအနေကို မေးမြန်းစုံစမ်းခဲ့တယ်လို့လည်း သိရပါတယ်။

၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။