မြန်မာ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တန်ဖိုး ပမာဏ ဟာ နိုဝင်ဘာ ၂၁ ရက်နေ့က အမေရိကန် ဒေါ် လာ ၃၆ သန်းအထိ ရောက်ရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာန ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
တမူး နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ကုန်သွယ်မှု ပမာ ဏ ဒေါ်လာ ၂၆ သန်း၊ REED နယ်စပ်ကုန်သွယ်ရေး ဂိတ် မှာ ဒေါ်လာ ၉ သန်း အသီးသီး ရှိခဲ့ပါတယ်။ REED နယ် စပ် ကုန်သွယ်ရေး ဂိတ်ကို ၂၀၀၃ ခုနှစ်မှာ ဖွင့်ခဲ့ပြီး၊ တမူး ဂိတ်ကို ၂၀၀၅ ခုနှစ်မှာ ဖွင့်ခဲ့တာပါ။
မြန်မာနိုင်ငံဟာ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင် ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပြီး၊ လက်ရှိအနေနဲ့ မြန်မာနိုင်ငံမှာ နယ်စပ်ကုန် သွယ် ရေးဂိတ်ပေါင်း ၁၅ ခု ရှိပါတယ်။
