မြန်မာနိုင်ငံကို AIF(Asean Infrastructure Fund) ခေါ် အာဆီယံ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်ပြီလို့ The Gulf Today သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ ASEAN တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ AIF အဖွဲ့မှာ အခုလိုအမြဲတမ်းအဖွဲ့ဝင် နိုင်ငံ တစ်ခုဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ရေရှည် စီမံကိန်းတွေကို အကောင်အထည်ဖော်ရန် များစွာအထောက်အကူပြု မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ AIF ညွန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ပြောဆိုကြောင်း သိရပါတယ်။
ဒါဟာ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကမ္ဘာ့စီးပွားရေးမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုအတွက် အရေးပါတိုးတက် တဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။
