မွတ်စလင်ပြဿနာတွေ ဖြေရှင်းပေးဖို့ အသင့်ရှိကြောင်း OIC ကြေညာ

OIC ခေါ် အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံက မူဆလင်တွေရဲ့ လက်ရှိပြဿနာတွေ ပြေလည်အောင်ဖြေရှင်းပေးရေးအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းက OIC အတွင်းရေးမှူးချုပ်နဲ့အဖွဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

OIC အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခန်းဖွင့်ခွင့်ပြုဖို့ မြန်မာအစိုးရဆီကို ပန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ OIC ရုံးခန်းမဖွင့်ရေး ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ဒီကိစ္စမဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလက ငြင်းဆိုခဲ့ပါတယ်။ OIC ကို မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ဖို့ အဆိုပြုထားပါတယ်။

မြန်မာအစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ လူသားးချင်းစာနာရေး အကူအညီတွေပေးဖို့ အသင့်ရှိနေပြီလို့ OIC အတွင်းရေးမှူးချုပ်က ပြောပါတယ်။