ပြည်ပသတင်းစာများ မြန်မာ့သတင်း ဖော်ပြမှု များပြားလာ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီိရေး အပြောင်းအလဲတွေကြောင့် ပြည်ပ သတင်းစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုပိုပြီး ဖော်ပြလာတာ တွေ့ရပါတယ်။
2012-07-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မနေ့က တရက်တည်းမှာပဲ အမေရိကန်၊ ထိုင်း ၊ ပါကစ္စတန်နဲ့ ဘင်္ဂလာဒေ့ရှ် သတင်းစာတွေမှာ မြန်မာနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတွေ ရေးသားထားတာ တွေ့မြင်ရပါတယ်။

အမေရိကန်ပြည်ထောင်စုက သတင်းစာကြီး တစောင်ဖြစ်တဲ့ Washington Post သတင်းစာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဦးတည်တဲ့ အပြောင်းအလဲတွေ ပေါ်ထွက်လာတာနဲ့ အမျှ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ တင်းကျပ်မှုတွေ ပိတ်ဆို့မှုတွေကို တဆင့်ချင်း လျှော့ပေါ့ပေးသွားမယ်လို့ ပြောထားခဲ့ပြီး အခုပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာ့ စွမ်းအင်ကဏ္ဍမှာ ပါဝင်ရင်းနှီးခွင့် ပြုလိုက်ပြီဆိုတာဟာ သိပ်ပြီး မမြန်လွန်းဘူးလားလို့  မေးခွန်းထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာကတော့ အမေရိကန် ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကို သွားရောက် ရင်းနှီးမြှုပ်နှံခွင့် ရရှိပြီ ဆိုပေမယ့် မြန်မာနိုင်ငံတွင်း အပြောင်းအလဲ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတဲ့အတွက် သတိကြီးကြီးထားဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်သူတွေရဲ့ အခြေအနေ မတည်ငြိမ်သေးတာကို ဂရုပြုရမှာ ဖြစ်ကြောင်း၊ ဆုံးရှုံးမှု အန္တရာယ်တွေ အများကြီး ရှိကြောင်း ရေးသားထားပါတယ်။

Pakistan နိုင်ငံထုတ် The Dawn သတင်းစာကတော့ အခုအခါ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး စခန်းတွေမှာ စုပြုံထားရှိတာဟာ လူမှုရေး ပြဿနာကြီး တရပ်ကို ဖိတ်ခေါ်နေရာ ရောက်ကြောင်း၊ အရင်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အရေးအခင်း နောက်ပိုင်းမှာ မူဆလင် ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး အစာ အာဟာရ ချို့တဲ့ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီလို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက သတိပေးနေကြောင်း၊ အစားအစာမရှိ၊ ဆေးဝါးအကူအညီလည်း မရှိတဲ့အတွက် အခုအတိုင်း ဆက်သွားရင် ကြောက်မက်ဖွယ် အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Bangladesh နိုင်ငံထုတ် The Daily Star သတင်းစာကတော့ သမ္မတ ဦးသိန်းစိန် ပြောသလို ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မောင်းနှင်ထုတ်ဖို့ ဆိုတာ အခုတွေ့နေရတဲ့ ပြဿနာရဲ့ အဖြေ မဟုတ်ကြောင်း၊ အဲဒီလူတွေရဲ့ ပြဿနာဟာ မိမိတို့ နိုင်ငံအတွက်လည်း ပြဿနာ ဖြစ်ကြောင်း၊ ဦးသိန်းစိန်ရဲ့ အမြင်သဘောထားကို ကြည့်ရင် ဒီပြဿနာကို နိုင်ငံတကာက လက်ပိုက်ကြည့်နေလို့ မဖြစ်တော့တာ သိသာကြောင်း ရေးသားထားပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

saikyawkyawthaung

နေရပ်- taunggyi

ရှမ်းတိုင်းရင်းသား တစ်ယောက်နေနဲ့ပြောရရင် လက်နက်ကိုင်သောင်းကျန်းသူတွေကို အပြတ်ချေမှုန်းသင့်ပါတယ်။ သူတို့က လွတ်လပ်ရေး တပ်မတော်ဆိုပြီး အမည်ခံပြိး ထင်ရာလုပ်။ ဒေသတွင်းကလူတွေကိုပဲ ဒုကခပြန်ပေး ။ သားသမီးတွေကိုနိုင်ငံခြားမှာကျောင်းထား၊ အဲ့လို ကိုယ်ကျိုးကြည့်သောသူများဖြစ်ကြပါသည်။ မြန်မြန်ချေမှုန်းပေးကြပါ။

Jan 29, 2013 11:39 AM

ကြင်

နေရပ်- ရန်ကုန်

Someone thinks positively on Myanmar's changes,but someone thinks negatively.

Dec 26, 2012 08:51 PM

Re Mark

နေရပ်- Oslo

အမှန်တရား တခုပေါ်လာဖို့ဆိုတာ အမှန်တရား ကိုပဲအခြေခံပြီး
ဆွေးနွေးဖို့လိုတယ်
။ အမှန်တရား ဆိုတာ ကလည်: သက်သေသာဓက အထာက်အထား နဲ့ ငြိမ်းချမ်းစွာ ဆွေးနွေး မှ ပြတ်သားတဲ့အဖြေထွက်မှာဖြစ်တယ်။ အမှန်တရားကို ရှာဖွေသူတိုင်းဟာ မိမိရဲ့ဆန္ဒ နဲ့ အတ္တ ကို ဘောင်ခတ်နိုင်ရတယ်။ အမျိုးသားရေး စိတ်ဓါတ် ရှိတာ တော့ ကောင်းပါတယ်။ ဒါပေမဲ့ အစွန်းမရောက် ဖို့တော့လိုတယ်။ မိမိ လိုရာ ကိုပဲတဖက်သတ် အတင်းဖိ ပြော လို့ တော့ ဘယ်တော့ မှ ညှိနှိုင်းလို့ရမှာမဟုတ်ဘူး။

Jul 17, 2012 01:09 PM

Yei Hein

နေရပ်- Melborn

Try to serve media role and stop using the word Bangali-Rohingya. Say simple word Myanmar muslim in some of Arakan called Rohingya.In Bangladesh,all ethnic called Bangali(Hindus,Cristian,Borowa etc:)

Jul 17, 2012 12:24 PM