နိုင်ငံခြားရောက်မြန်မာတွေ ပြန် ခွင့်ရရေး ဆောင်ရွက်ပေးမယ်လို့ ဒုဝန်ကြီးပြောကြား

2016-05-27
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ်
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ်
Photo: MRTV

နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည်ပရောက်သွားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ ပြည်တော်ပြန်နိုင်ဖို့ အစိုးရသစ်ရဲ့ ရက်ပေါင်းတစ်ရာဆောင်ရွက်ချက်မှာ ထည့်သွင်းလုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောလိုက်ပါတယ်။

ဒါ့အပြင် အမည်ပျက်စာရင်း ထည့်သွင်းခံထားရသူတွေကိုလည်း ပယ်ဖျက်ပေးနိုင်ဖို့လည်း ဆောင်ရွက်မယ့် အကြောင်း ဒု-ဝန်ကြီး ဦးကျော်တင်က မနေ့က မြန်မာ့အသံနဲ့ တွေ့ဆုံမေးမြန်းချက်မှာ အခုလိုပြောလိုက်တာပါ။

"ရာဇဝတ်မှုတွေ ကျူးလွန်တာမဟုတ်ဘဲနဲ့ နိုင်ငံရေးယုံကြည်ချက် သက်သက်နဲ့  ပိတ်ပင်တားမြစ်ထားတာ ဆိုရင် အဲ့လိုလူတွေပြန်လာခွင့်ရအောင် ကျနော်တို့အနေနဲ့  သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီးတော့ ရက် ၁ဝဝ အတွင်း အဆင်ပြေအောင်  ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ရောက်ရှိရာနိုင်ငံက ဥပဒေအတိုင်း အကာအကွယ်နဲ့ အခွင့်အရေးတွေ အပြည့်အဝရဖို့၊ မြန်မာနိုင်ငံသားဟောင်းတွေရဲ့ စွမ်းရည်တွေကို တိုင်းပြည်ပြန်လည် တည်ဆောက်ရေးမှာ ပါဝင်နိုင်အောင် နေထိုင်ခွင့်ဗီဇာသတ်မှတ်ချက်ကို အခုလက်ရှိအခြေအနေထက် ပိုမိုရရှိအောင်ဆောင်ရွက်ပေးဖို့တို့ကိုလည်း ထည့်သွင်းစဉ်းစား ထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Outlander

နေရပ်- Malaysia

နိုင်ငံခြားရောက်တဲ့သူတွေရဲ့ အရေးကို မပြောခင် ပင်တွင်းမှာရှိတဲ့ ပြသာနာတွေကိုသာ အရင်စဉ်းစား ဖြေရှင်းပါအုံးဗျာ။။။။

May 28, 2016 09:42 AM

maung han win

နေရပ်- JAPAN

တကယ်ကောဟုတ်ပါရဲ့လားခင်ဗျား?လက်ရှိဂျပန်သံရုံးကတော့ (အခွန်ပေးဖို့ပဲလိမ်တောင်းနေပါတယ်) •ယခင်လက်ကျန်လူများနံမည်ပျက်ကိုကိုဇော်ကျန်နေပါသည်-အမေစုရဲ့နိုင်ငံခြားရေးမူဝါဒကိုရှင်းပြပါ လွတ်ငြိမ်းချမ်းသာခွင့်မရှိဘူးလားဟင်?အရင်စစ်အစိုးရမူဝါဒဖြစ်နေပါတယ်

May 28, 2016 02:59 AM

myo hlaing

နေရပ်- new york

bond to burma

May 27, 2016 05:08 PM

ဆိုက်တခုလုံးသို့