မြန်မာ့ဆန် အိန္ဒိယ ပြန်ဝယ်မည်

ဝယ်ယူမယ့်ဈေးနှုန်းကို ညှိနှိုင်းနေတယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း က ပြောပါတယ်။ အခုလို အိန္ဒိယက မြန်မာ့ဆန်ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဟာ ဒေသတွင်းဆန်ပေါက်ဈေးအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

စာရင်းဇယားတွေအရ မြန်မာနိုင်ငံဟာ ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန် ၁.၄ သန်း ပြည်ပကို တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၄၄ သန်းရရှိခဲ့ရာက၊ ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှာ ဆန်တန်ချိန် ၁.၂ သန်းသာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာသန်း ၄၆၀ သာရရှိခဲ့ပါတယ်။

အခု ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ ဆန်တန်ချိန် ၁.၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားကြောင်း ဆန်ကုန်သည် များအသင်းက ပြောပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံအနေနဲ့ တရုတ်ကို ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက်လည်း ညှိနှိုင်းနေကြောင်း သိရ ပါတယ်။

နယ်စပ်ဒေသက တဆင့် တရုတ်နိုင်ငံကို ဆန်တင်ပို့ရာမှာ မြန်မာဘက်က တရားဝင်တင်ပို့တာဖြစ်ပေမဲ့၊ တရုတ် ဘက်က မှောင်ခိုတင်ပို့တဲ့ဆန်အဖြစ်သတ်မှတ်ပြီး ဖမ်းဆီးခဲ့တဲ့အတွက် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်က ဆန်ကုန်သွယ်မှုဟာ ပုံမှန်အခြေအနေမရှိဘဲ ဖြစ်ခဲ့ရပါတယ်။

မြန်မာ့ဆန် တရုတ်ကိုတင်ပို့ရာမှာ တရားဝင်မဟုတ်တဲ့အပြင်၊ အကြွေးစနစ်နဲ့ တင်ပို့ရတဲ့အတွက် မြန်မာဆန်ကုန် သည်တွေဘက်က နစ်နာမှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာ့ဆန်ကို နယ်စပ်ကုန်သွယ်ရေးကတဆင့် တရားဝင်တင်ပို့နိုင်ရေးအတွက် တရုတ်အစိုးရ နဲ့ ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်က ပြောပါတယ်။