မနေ့က မြို့တော် ဘန်ကောက်မှာ စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၃ သန်းခွဲ နီးပါးလောက် ဖမ်းဆီးမိလိုက်ပြီးတဲ့ အချိန်မှာ ထိုင်း ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung က မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန်လိုက်တာပါ။
ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃ သိန်း ခွဲလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ စိတ်ကြွဆေးပြားတွေကို မြန်မာနိုင်ငံ ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထုတ်လုပ်နေတာ ဖြစ်ကြောင်း ပြောဆိုလိုက်သလို မြန်မာနိုင်ငံက မူးယစ်ဆေး ထုတ်လုပ်မှု တိုက်ဖျက်ပေးဖို့ တရုတ်အစိုးရ ကနေတဆင့် မြန်မာ အစိုးရကို ဖိအားပေးသွားမယ်လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ် Chalerm က ပြောလိုက်ပါတယ်။