မြန်မာအစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရဝေဖန်

မြန်မာအစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တာဝန်ယူထားသူ ဒုတိယ ၀န်ကြီးချုပ် တစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
2012-09-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မနေ့က မြို့တော် ဘန်ကောက်မှာ စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၃ သန်းခွဲ နီးပါးလောက် ဖမ်းဆီးမိလိုက်ပြီးတဲ့ အချိန်မှာ ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung က မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန်လိုက်တာပါ။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃ သိန်း ခွဲလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ စိတ်ကြွဆေးပြားတွေကို မြန်မာနိုင်ငံ ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထုတ်လုပ်နေတာ ဖြစ်ကြောင်း ပြောဆိုလိုက်သလို မြန်မာနိုင်ငံက မူးယစ်ဆေး ထုတ်လုပ်မှု တိုက်ဖျက်ပေးဖို့ တရုတ်အစိုးရ ကနေတဆင့် မြန်မာ အစိုးရကို ဖိအားပေးသွားမယ်လို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ် Chalerm က ပြောလိုက်ပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

လင်းသူရိန်မြင့်

နေရပ်- မိုးကုတ်မြို့ 

နှိပ်ကွပ်ပါ။ရဲတွေအလုပ်လုပ်ကြပါ။ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးလုံးဝထိထိရောက်ရောက်အရေးမယူကြတာဘာသဘောလဲ။စည်းစိမ်တွေထိခိုက်ပျက်စီးသွားမှာစိုးလို့ လား။ဘဝဆိုတာတိုတိုလေးပါ။

Jan 17, 2013 02:28 AM

အမည်မဖော်လိုသူ

ဒီပြဿနာဟာ အမေရိကန်နှင့် အပေါင်းပါ ထိုင်းနိုင်ငံကစခဲ့တာပါ ခုမှလက်ညိုးထိုးမနေနဲ့၊မြန်မာတပ်မတော်ကတိုက်ရင်ထိုင်းနိုင်ငံထဲဝင်ပြေးတယ် ပြီးရင်ပြန်လာတယ် မသိချင်ရောင်ဆောင်မနေနဲ့။

Oct 01, 2012 03:09 AM

အမည်မဖော်လိုသူ

THIS CASE IS ALONG TIME.

Sep 07, 2012 10:21 AM