နောက်ထပ်မြန်မာတစ်ဦး မလေးရှားမှာ သတ်ဖြတ်ခံရ


2013.06.04

မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့တော် ဆာလာယန်းမြို့အနီး အန်းပန်းရွာသစ်မှာ ဇွန်လ ၃ ရက်နေ့ မနေ့ မနက်က အသက် ၂ အရွယ် မြန်မာနိုင်ငံသားတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

လူ ၁ ဦးခန့်က  အုပ်စုဖွဲ့ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူဟာ ကားရေဆေးအလုပ်ရုံမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ လည်လှီးသတ်ဖြတ်ခံထားရတဲ့အလောင်းကို အလုပ်နဲ့ မီတာ ၁ဝဝ အကွာမှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာလို့ မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernama သတင်းက ဆိုပါတယ်။

ဒီတိုက်ခံရတာဟာ အရင်ရက်ကဖြစ်စဉ်နဲ့ သီးခြားဖြစ်တယ်လို့လည်း သိရပါတယ်။ မေလ ၃ နဲ့ ၃၁ ရက်နေ့တွေက ဆာလာရမ်းနယ်မှာ လူတစ်စုရဲ့ တိုက်ခိုက်တာကိုခံခဲ့ရလို့ မြန်မာ ၂ ဦးသေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရရခဲ့ပါတယ်။

မနေ့ကတော့ ဆေးရုံတက်ကုသနေတဲ့ အလုပ်သမားတွေထဲက ၃ ဦးရဲ့အခြေနေဟာ စိုးရိမ်စရာမရှိဘူးလို့ မြန်မာအစိုးရသံရုံးကို ကိုးကားပြီး မြန်မာအစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမား ၄ သိန်းကျော်ရှိပြီး ၃ သိန်းခန့်ဟာ တရားင်စာရွက်စာတမ်းနဲ့ လာရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်ကြောင်း ၄ သောင်းခန့်ဟာ တရားမင်လာရောက် အလုပ်လုပ်နေသူတွေဖြစ်ကြောင်း၊ ကျန်တဲ့ ၉ သောင်းကျော်ကတော့ ဒုက္ခသည်လက်မှတ်အမျိုးမျိုးနဲ့ နေထိုင်ကြသူတွေဖြစ်ကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံနေရတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးဘအောင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။