မြေနီကုန်းဈေးမှာ ပြန်လည်ရောင်းချ ခွင့်ရရှိရေး တောင်းဆိုဆန္ဒပြ

စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းမပေါ် မှာရှိတဲ့ မြေနီကုန်းဈေးမှာ ရောင်းချခဲ့သူတွေက မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ရရှိဖို့အတွက် အရင်မြေနီကုန်းဈေးဟောင်းရှေ့မှာ ဒီကနေ့မနက်ပိုင်းက စုရုံးဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ၁၉၉၅ ခုနှစ်မှာ အဲဒီဈေးကို ၃ နှစ်အတွင်း အဆင့်မြင့်ဈေး တည်ဆောက်ပေးမယ်ဆိုပြီး ရောင်းချနေ တဲ့ ဈေးသည်တွေကို အင်းလျားလမ်းပေါ်မှာရှိတဲ့ သံလွင်ဈေးကို ပြောင်းရွှေ့ခဲ့တာလို့ ဆန္ဒပြဈေးသည် တစ်ဦးဖြစ်တဲ့ ဒေါ်စန်းကြည်က RFA ကိုပြောပါတယ်။
"အခု ၁၉ နှစ်ရှိနေပြီ၊ တစ်နေ့ဆောက်ပေးနိုး နဲ့ စောင့်နေတာ ဆောက်မပေးတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်"

ခုလိုဆန္ဒပြခွင့်ရဖို့ အာဏာပိုင်တွေဆီ တရားဝင်ခွင့်ပြုချက် လျှောက်ထားခဲ့တာဖြစ်ပြီး မြေနီ ကုန်းဈေးဟောင်း ပြန်လည်ရရှိရေး၊ ဈေးဟောင်းနေရာမှာ ဈေးသစ်အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရေးစတဲ့ အချက်တွေကို အဓိကထားတောင်းဆိုခဲ့ကြပါတယ်။

ဒါ့ပြင် ဈေးသူ/ ဈေးသားတွေဟာ အရင်ဈေးဟောင်းနေရာမှာ အဆင့်မြင့်ဈေးပြန်လည် တည်ဆောက်ပေးဖို့ အတွက် သမ္မတ ဦးသိန်းစိန်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ ထံကို အသနားခံစာတွေ ပေးပို့ထားတယ်လို့ သိရပါတယ်။