မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။
2012-08-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

မြစ်ကြီးနား တက္ကသိုလ် ဆရာ၊ ဆရာမတွေဟာ စီတာပူ သီတာအေးရပ်ကွက် ကမ်းနားလမ်းပေါ်မှာရှိတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းထုတ်တဲ့ အဆောက်အဦးရှေ့ တလျှောက်က ထူထပ်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေကို အခုလ (၁၇) ရက်နေ့က စပြီး ခုတ်ထွင်ရှင်းလင်း နေရတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တက္ကသိုလ် ဆရာတစ်ယောက်က RFA ကို ပြောပါတယ်။

"ဆရာ ဆရာမ ဆိုတာ စာသင်ဖို့ ပဲလေ။ စာသင်တဲ့အချိန်မှာ ခိုင်းတယ်။ တချို့ဋ္ဌာနဆိုရင် ကျောင်းသူ ကျောင်းသား မရှိဘူး၊ ကျောင်းသူ ကျောင်းသား ရှိတော့လည်း ဆရာ ဆရာမ ဆိုတာ သူတို့က လုပ်ရတာ ခြုံတွေထူတဲ့ အတွက်ကြောင့်မို့ သူတို့အားနဲ့  မလုံလောက်တဲ့ အတွက်ကြောင့်မို့ ကျောင်းသားတွေကို ခေါ်ခိုင်းတယ်။ ကျောင်းသားတွေက အဲဒီတော့ စာသင်ချိန်တွေ ပျက်တယ်။ ဆရာ ဆရာမတွေကလည်း စာသင်ချိန်တွေ အပျက်ခံပြီးတော့ လုပ်ရတယ်။ ဘယ် တက္ကသိုလ်မှ မခိုင်းဘူး။ ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ။ အစဉ်အဆက် ညှဉ်းပန်းနှိပ်စက် နေတယ်လို့ ထင်တာပဲ။ ဘယ်သူမှ မကျေနပ်ကြဘူး။

ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက မြစ်ကြီးနားတက္ကသိုလ် အရာထမ်းတွေ နေထိုင်တဲ့ လမ်းတလျှောက်က ခြုံနွယ်တွေကို ခုတ်ထွင် ရှင်းလင်းခဲ့ရပြီး အခုလာမယ့် သောကြာနေ့မှာလည်း ဆက်လက် ခိုင်းစေခံရဦးမှာ ဖြစ်ကြောင်း တက္ကသိုလ် ဆရာက ပြောပါတယ်။

ကွန်မင့်များ (4)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ဘယ်သူကခိုင်းတာလဲ

Feb 15, 2013 04:37 AM

burmarpyithar

နေရပ်- arimadana

များများသာခိုင်း ၂၀၀၈ ၂၀၀၉ မှာဆရာ ဆရာမ တွေ ကျောက်ဆည် တက္ကသိုလ်မှာ လှဲ့ကွက်တွေအများကြီးလုပ်သွားတယ် မကျေနပ်ဘူး


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Jan 27, 2013 10:09 AM

အောင်ကြီး

လူသားချင်းစာနာထောက်ထားမှုဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ
သူတို့မသိကြလေရော့သလားလေ

Jan 16, 2013 08:05 AM

အမည်မဖော်လိုသူ

ဘယ်သူတွေကခိုင်းလဲလူလိုမသိဘူးနဲ့တူတယ်ခိုင်းတဲ့ကောင်ဟာ

Aug 27, 2012 11:19 AM