လယ်သမားတွေအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ ဒေါ်မြင့်မြင့်အေး ပြောဆို

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်က လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူ ဒေါ်မြင့်မြင့်အေးကို တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၃ ရက်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုလိုက်ပါတယ်။

လယ်သမားတွေရဲ့သီးနှံတွေ ဈေးကောင်းရရေးနဲ့ ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်နိုင်ရေးကို လွှတ်တော်တွင်းမှာ အဓိကထား လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ အာအက်ဖ်အေနဲ့ ဆက်သွယ် မေးမြန်းစဉ်မှာ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ အပြည့်အစုံကို ဆက်လက် နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။