မြစ်ကြီးနား ကန်ပိုက်တီ လမ်း မြေပြိုပိတ်ဆို့

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာခဲ့တာကြောင့် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှာ မြေပြိုတာတွေရှိတဲ့အတွက် ခရီးသွားလာသယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲဖြစ်နေ ပါတယ်။

အဲ့ဒီလမ်းကြောင်းက ၁၆ နေရာလောက်မှာ မြေပြိုနေတဲ့အတွက် မြေစာဖယ်ထုတ်ပြုပြင်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးမောင်ကြည် က ပြောပါတယ်။

"၁၆ နေရာလောက်လမ်းဘေးမြေပြိုကျတာတွေဖြစ်ပါတယ်၊ လမ်းဦးစီးဌာနရယ်၊ လမ်းထိန်းသိမ်းတဲ့ တရုတ်နိုင်ငံထိန်ကျုံးလမ်းဆောက်လုပ်ရေး ကုမ္ပဏီရယ်၊ ပူးပေါင်းပြီးတော့ လမ်းပေါ်မှာကျနေတဲ့မြေ သားတွေကို ဖယ်ထုတ်ပေးတဲ့အတွက်ကြောင့် ပုံမှန်သွားလာနိုင်တဲ့အနေအထားတော့ ရှိပါတယ်၊ မိုးရွာ ပြီးမြေပြိုတဲ့အတွက်ကြောင့် မိုင်တိုင်အမှတ် ၃၄နဲ့ ၃၅ကြားမှာ မြေပြိုတာ ပေ ၄၀၀ လောက်ရှိတဲ့ အတွက်ကြောင့် ဘူဒိုစာ စုစုပေါင်းအင်အား ၅ စီးနဲ့ မြေစာတွေဖယ်ထုတ်ပေးနေရပါတယ်"

အလားတူ အဲ့ဒီလမ်းပေါ်က မိုင်တိုင်အမှတ် ၂၄ နဲ့ ၂၅ ကြားမှာလည်း လမ်းဘေး ကမ်းပါးယံတွေကို ရေတိုက်စား ထားလို့ ပြန်လည်ပြင်ဆင်နေရပါတယ်။

လမ်းပိုင်းပြုပြင်ရေးတွေကို စက်န္တရားတွေနဲ့ လုပ်ဆောင်နေချိန်မှာ လုပ်ငန်းခွင်လုံခြုံရေးနဲ့ အများပြည်သူ ဘေး အန္တရာယ်ကင်းရေးအတွက် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ လမ်းအသုံးပြုခွင့်ကို ပိတ်ထားပြီး ညနေငါးနာ ရီနောက်ပိုင်းမှာသာ ပြန်လည်သွားလာခွင့်ပြုပါတယ်။ ဒီနှစ်အတွင်း ဒီတစ်ကြိမ်ဟာ လမ်းဘေးတောင်ကမ်းပါး ယံ မြေစာပြိုကျမှု အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ ယာဉ်အသေးနဲ့ အလတ်စားယာဉ်တွေ တစ်ကြောင်းသာ မောင်းနိုင်ပြီး ကုန်ကားကြီးတွေတော့ သွားလာလို့မရသေးပါဘူး။ မကြာမီရက်ပိုင်းအတွင်း ပုံမှန်အတိုင်း သွားလာနိုင်အောင် ဆောင်ရွက်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းဟာ တရုတ်နိုင်ငံနဲ့ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။