ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မတ်လ ၂၈ ရက် နေ့စွဲနဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ CPI ကုမ္ပဏီ ထိန်ချုံး မြစ်ကြီးနားရုံးက ပြည်နယ်ဝန်ကြီးချုပ်ရုံးကို ပေးပို့တဲ့ စာတစ်စောင် အင်တာနက်မှာ ပျံ့နှံ့နေတာကြောင့် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က မြစ်ကြီးနားမြို့ ဝန်ကြီးချုပ်ရုံးကို မေးမြန်းရာမှာ ဝန်ကြီးချုပ် လဂျွန်နိုင်ဆိုင်း ရဲ့ကိုယ်ရေးအရာရှိက ဒီစာဟာ CPI ရုံးက ပေးပို့တဲ့ စာတစ်စောင် အပေါ်မှာ ဖြည့်စွက်ပြီး အတုဖန်တီးထားတဲ့စာ ဖြစ်တယ်လို့ ပြောပါတယ်။
CPI ရဲ့ ပေးပို့တဲ့ စာဟာ မြစ်ကြီးနားနဲ့ ကန်ပိုက်တီ လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ပေးပို့တဲ့ စာဖြစ်တယ်လို့ ကိုယ်ရေးအရာရှိက ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ မြစ်ဆုံစီမံကိန်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မြစ်ဆုံဒေသက ပြည်သူ့လွတ်တော် ကိုယ်စားလှယ် တစည ပါတီက ဦးဂျေရောဝူးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
