မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်မှုမရှိဟု တရုတ်သတင်းစာ ရေးသား

2011-10-07

မြန်မာနိုင်ငံမှာ CPIC တရုတ် စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိနိုင်ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။

KDNG

မြစ်ဆုံရေကာတာ တည်ဆောက်မည့် စီမံကိန်းနယ်မြေ တစိတ်တပိုင်း ဖြစ်ပါသည်။

CPIC ဟာ မြစ်ဆုံစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အဲဒီ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံ စီးပွားရေး တည်ဆောက်မှု လုပ်ငန်းတွေမှာ တရုတ် ကုမ္ပဏီတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆင့်မြင့် နည်းပညာနဲ့ အထောက်အကူပစ္စည်း အများအပြားကိုလည်း ကူညီပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရေအား လျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသလို တရုတ်က တည်ဆောက်ပေးထားတဲ့ ဧရာဝတီ မြစ်ကူး တံတားတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တိုးတက်စေခဲ့တယ် လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တချို့ဟာ နိုင်ငံခြား သတင်းဌာနတွေရဲ့ သြဇာလွှမ်းမိုးမှု ခံနေရပြီး အစိုးရအပေါ် အယုံအကြည် မရှိတာ တွေ့ရကြောင်း၊ ဒါ့ကြောင့် တရုတ် ရင်းနှီးမြုပ်နှံမှုတွေအပေါ် မြန်မာလူထုက အပြုသဘော ရှုမြင်တာ နည်းပါးနေတာကို တွေ့ရကြောင်း ဆောင်းပါးမှာ ရေးသားထားပါတယ်။

နောက်ထပ် သတင်းတစ်ပုဒ်မှာတော့ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးဟာ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံကို မကြာခင် သွားရောက်ဖို့ရှိကြောင်း အမည်မဖော်တဲ့ မြန်မာအစိုးရ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် အပြီးမှာ ဒုတိယသမ္မတ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ခန့်မှန်းထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

ဧရာဝတီနှင့် မြစ်ဆုံ

ဝါရှင်တန် တရုတ်သံရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် ဆက်ဆံရေးမထိခိုက်ဟု တရုတ်သံအမတ်ပြော

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားများ

မြစ်ဆုံ စီမံကိန်းကိစ္စ နှစ်နိုင်ငံ ဆက်လက် ဆွေးနွေးသွားမည်

မြစ်ဆုံကိစ္စကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး မပျက်နိုင်ကြောင်း သမ္မတ အကြံပေးပြော

မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်

မြစ်ဆုံဆည်စီမံကိန်း လုံးဝ ဖျက်သိမ်းရေး တရုတ်သံရုံးရှေ့မှာ မြန်မာမိသားစုများ ဆန္ဒပြ