မြစ်ဆုံရေကာတာ ကန့်ကွက်တဲ့ ဆွေးနွေးပွဲ

2011-09-05

ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ကန့်ကွက်တဲ့ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတရပ်ကို မိုးညင်းမြို့မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။

မိုးညင်း နိုင်ငံသားများကွန်ရက်အဖွဲ့က ကြီးမှူးကျင်းပတဲ့ ဒီဟောပြောပွဲမှာ ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြကြောင်း ဟောပြောပွဲမှာ ပါဝင်တဲ့ ဦးမောင်လှက ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဧရာဝတီအတွက် ပန်ကြားချက်” ထွက်ပေါ်လာပြီးနောက် ကချင်ပြည်နယ်အတွင်း တိုင်းပြည် တည်ဆောက်ရေးအတွက် တဘက်တလမ်းက အထောက်အကူ ပြုစေဖို့ ရည်ရွယ်ပြီး ဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ ပါဝင်ဆွေးနွေးသူတွေက ပြောပါတယ်။

ဒီဟောပြောပွဲကို ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်မြို့နယ် အသီးသီးက ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကချင်ဒုက္ခသည်တွေအတွက် အကူအညီများ ထပ်ပေး

ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

ကချင်ဒေသဒုက္ခသည်တွေဆီ ကုလအကူညီပေးရေးအဖွဲ့ ရောက်ရှိ

ဆည်တည်ဆောက်မှု ကန့်ကွက်သူတွေ အာဏာပိုင် တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး

ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လာမည်

ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ

တရုတ်နိုင်ငံ ထဲရောက် ကချင် စစ်ပြေးဒုက္ခသည်တွေ ထောက်ပံ့မှု မလုံလောက်