ဧရာဝတီ ‘မြစ်ဆုံ’ ရေကာတာစီမံကိန်း ကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ ထွက်ပေါ်လာနိုင်တဲ့အတွက် စီမံကိန်း ရပ်ဆိုင်းသင့်ကြောင်း ဒေသခံ ကချင် တိုင်းရင်းသားတွေ အပါအဝင် ပညာရှင်တွေ နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဝိုင်းဝန်း ကန့်ကွက်နေချိန်မှာပဲ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ နေပြည်တော် လွှတ်တော်မှာ ဒီရက်ပိုင်းအတွင်း တုန့်ပြန် ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)
ဒီ တုန့်ပြန်ချက်ဟာ ဧရာဝတီ မြစ်ကြီးနဲ့ ဒီမြစ်ကို မှီတင်းနေထိုင်နေကြတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာ ဖြစ်သလို ဒီမိုကရေစီကို အကောင်အထည် ဖော်နေပါတယ်ဆိုတဲ့ မြန်မာအစိုးရက ပြည်သူတွေရဲ့အသံကို လျစ်လျှူရှုရာ ရောက်တယ်လို့ ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းက ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရကို အကာအကွယ် ပေးလေ့ရှိတဲ့ တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှုတွေဟာ တနေ့တခြား တိုးများလာနေတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အတော်ကို ရင်လေးစရာပါလို့ လူထုစိန်ဝင်းက ထောက်ပြပါတယ်။
သတင်းစာဆရာကြီး လူထုစိန်ဝင်းကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်ထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
ဆည်တည်ဆောက်မှု ကန့်ကွက်သူတွေ အာဏာပိုင် တွေ့ဆုံဆွေးနွေး
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော
ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် ခွင့်မပြု
မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ
ကုလားတန်မြစ်စီမံကိန်းကြောင့် ကမ်းခြေအလှပျက်ရ
ဝါရှင်တန် တရုတ်သံရုံးရှေ့ မြန်မာတွေ ဆန္ဒပြ
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် ဆက်ဆံရေးမထိခိုက်ဟု တရုတ်သံအမတ်ပြော
မှတ်ချက်များ
Click here to add your own comment