မျိုးစောင့် ဥပဒေကြမ်း ရေးဆွဲမှုကို လူ့အခွင့်အရေးအဖွဲ့ ၁၀၀ နီးပါး ပြစ်တင်ကန့်ကွက်

0:00 / 0:00

0:00 / 0:00

0:00 / 0:00

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတာတွေနဲ့ ဘာသာရေးုကို အခြေခံပြီး နိုင်ငံရေးလုပ်ဆောင်မှုတွေ ဟာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးနဲ့ လုံး၀ ကိုက်ညီမှုမရှိသလို ၂၀၁၅ မတိုင် ခင် ပြည်သူတွေကို အာရုံလွဲှတဲ့ကိစ္စ သာဖြစ်ကြောင်း အရပ်ဘက် လူမှုအဖွဲ့ အစည်းပေါင်း ၉၇ ဖွဲ့က ထုတ်ပြန် တဲ့ ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

အဲဒီကြေညာချက်ကို အမျိုးသမီးရေးရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက စုပေါင်းပြီး မနေ့က ထုတ်ပြန်ခဲ့တာပါ။ မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတဲ့ကိစ္စအပေါ် အဖွဲ့ပေါင်းစုံ က ကန့်ကွက်တဲ့ကြေညာချက် ထုတ်ပြန်ခဲ့ရတာနဲ့ ပတ်သက်ပြီး ကချင်အမျိုးသမီများ ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် ဒေါ်မေစပယ်ဖြူ က ခုလိုပြောပါတယ်။

"လက်ရှိမှာ အမျိုးဘာသာသာသနာ လှုံ့ဆော်နေ တဲ့ ဘာသာရေးကိုအခြေခံတဲ့ နိုင်ငံရေးလှုပ်ရှား မှုတွေဟာ အစွန်းရောက်တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဖြစ်စေနိုင်တယ်ပေါ့နော်၊ အမျိုးသမီးတွေ ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ ရှင်သန်ခွင့်နဲ့ ရွေးချယ်ခွင့်ကို တိုက်ရိုက်ကန့်သတ်ချုပ်ချယ်လိုတဲ့သဘော ပါမယ်၊ ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့မူနဲ့ လုံးဝကိုက်ညီမှုမရှိဘူး၊ ပြီးတော့ ဒီဟာဟာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြည်သူ့လူထုကို အာရုံလွှဲတာလို့ ကျမတို့ကထင်ပါတယ်"

မျိုးစောင့် ဥပဒေမူကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတာဟာ အစိုးရကလက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ကို ချိုးဖေါက် ရာရောက်ကြောင်း လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေဟာ မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲဖို့ထက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကိုသာ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း အဲဒီအဖွဲ့ပေါင်းစုံက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲမှုနဲ့ ပတ်သက်လို့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အမြင်တွေကို RFA သတင်းထောက် မရတနာဦး တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မျိုးစောင့်ဥပဒေကြမ်းတွေရေးဆွဲဖို့ သမ္မတဦးသိန်းစိန်ကို စတင်အဆိုပြုခဲ့တဲ့ အမျိုးသာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန္ဒတိလောကာဘိဝံသကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ လျှောက်ထားတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။