အဲဒီပွဲမှာ စစ်ကိုင်းတိုင်း၊ ရဲမင်းကြီးဦးစန်းယု က သံဃာတော်များကို လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းတွေ ထိန်းချုပ်ခဲ့တာနဲ့ပတ်သက်ပြီး လျှောက်ထားခဲ့ရာမှာ ရဟန်းသံဃာတွေရဲ့ အရိပ်ကိုခိုပြီး ဆန္ဒပြနေကြသူတွေကို သတ်မှတ်ချိန်ထက် ၂၇ နာရီ နောက်ဆုတ်ပေးပြီး လူစုခွဲဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ မလိုက်နာခဲ့တာကြောင့် ဥပဒေနဲ့အညီ အဆင့်ဆင့် လူစုခွဲခဲ့ရတာဖြစ်ကြောင်း၊ မရည်ရွယ်ဘဲ သံဃာတော်တွေ ထိခိုက်ခဲ့ရတဲ့အတွက် စိတ်မချမ်းမြေ့ဖြစ်ရကြောင်း၊ မိမိတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရတာဖြစ်ကြောင်း ရဲမင်းကြီး ဦးစန်းယု က လျှောက်ထားပြီး သံဃာတော်တွေကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
မူလက သံဃာ အပါး ၂ဝ ပင့်ဖိတ်ခဲ့ပေမဲ့ မဟာဇောတိကာရုံကျောင်းတိုက် အပါအဝင် သံဃာအများစု မကြွရောက်ခဲ့ဘူးလို့ မြို့ခံတစ်ယောက်ကပြောပါတယ်။
ဒါ့ပြင် ရဲတပ်ဖွဲ့အနေနဲ့ သံဃာတော်တွေကို အပြည့်အဝ တောင်းပန်တဲ့အသွင်ကို မဆောင်ဘူးလို့ မုံရွာ မြို့ခံတွေက ယူဆနေကြကြောင်း သိရပါတယ်။