ဧပြီလ လစာထဲက ကျပ်တစ်သောင်းတိတိ ဖြတ်တောက်တာကြောင့် အလုပ်သမားတွေဘက်က စက်ရုံအုပ်ချုပ်ရေးကို ဖြေရှင်ပေးဖို့ ပြောဆိုပေမယ့် စက်ရုံဘက်က ငြင်းဆန်ခဲ့တာကြာင့် အလုပ်သမားရုံးမှာ တောင်းဆို ဆန္ဒပြကြတာလို့ ဆိုပါတယ်။
Myth အထည်ချုပ်စက်ရုံ အုပ်ချုပ်ရေးဘက်က မကြာခဏဆိုသလို ဟိုကြေး၊ ဒီကြေးနဲ့ လုပ်ခလစာတွေထဲက ဖြတ်တောက်တာတွေ ရှိတယ်လို့ သိရပါတယ်။
စက်မှုဇုန်က အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ အခြေခံလစာဟာ ပျမ်းမျှချင်း တစ်သောင်းကျော် ပတ်ဝန်းကျင်ရရှိပြီး အိုတီခေါ် အချိန်ပိုကြေးနဲ့ ဆိုရင် သုံးသောင်းကျော်လောက် ရရှိတယ်လို့ သိရပါတယ်။
Myth အထည်ချုပ်စက်ရုံဟာ ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး အလုပ်သမား ၆၀၀ လောက်ရှိပါတယ်။