အာသံအဖွဲ့ကို နှင်ထုတ်မှာမဟုတ်လို့ နာဂအဖွဲ့ ပြော

စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်းမှာရှိတဲ့ ဦးခပ်ပလန် ဦးဆောင်တဲ့ နာဂ လက်နက်ကိုင်တပ်ဖွဲ့ NSCN က သူတို့နယ်မြေထဲမှာ နေထိုင်ခွင့်ပေးထားတဲ့ အိန္ဒိယနိုင်ငံက အာသံ လက်နက်ကိုင်တပ်ဖွဲ့ ULFA ကို နှင်ထုတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

0:00 / 0:00

အဲဒီ အာသံတပ်ဖွဲ့တွေဟာ နာဂအဖွဲ့နဲ့ မဟာမိတ် ဖြစ်တဲ့အတွက် မောင်းထုတ်ခြင်း မပြုလုပ်တာဖြစ်တယ်လို့ နာဂ လက်နက်ကိုင်တပ်ဖွဲ့ NSCN ရဲ့ ပြောရေးဆိုခွင့်ရှိသူ ချိုဝမ်းဆင် က RFA ကို ပြောပါတယ်။

အခုရက်တွေအတွင်း မြန်မာအစိုးရ တပ်တွေက နာဂတောင်တန်းမှာ ဦးခပ်ပလန် ဦးဆောင်တဲ့ NSCN နာဂတပ်ဖွဲ့တွေနဲ့အတူ ULFA အာသံ လက်နက်ကိုင်တပ်ဖွဲ့တွေကို စတင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးမင်းက စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်။