ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မနေ့က ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ နမ့်ခမ်းမြို့နဲ့ ပတ်ဝန်းကျင်မှာ သီတင်းတစ်ပတ် အတွင်း လေးကြိမ်မြောက် ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းက နမ့်ခမ်းမြို့ကနေ ၂ မိုင်လောက်အကွာ နမ့်ခမ်း-မိုင်းဝီး ကားလမ်းပေါ်မှာရှိတဲ့ လွယ်လင်ကန်ရွာရဲ့ ရွာလယ်လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာလို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်ညနဲ့ ၁၇ ရက်မနက်ပိုင်း ပေါက်ကွဲမှုတွေကြောင့် စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ နမ့်ခန်းမြို့ စည်ပင်ဝန်ထမ်းတွေ အမှိုက်သိမ်းရာမှာ တပ်မတော်က လုံခြုံရေးယူပေးနေရတယ်လို့လည်း ဦးစိုင်းတင်ဦးက ပြောပါတယ်။