နမ့်ခမ်းမှာ ဒေသခံ ၃၀၀၀ လောက် ဆန္ဒပြ

0:00 / 0:00

ရှမ်းပြည်နယ်မြာက်ပိုင်း နမ့်ခမ်းမြို့မှာ သတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ရာနဲ့ချီတဲ့ လယ်ယာမြေတွေ ပျက်စီးနေ သလို ချောင်းမြောင်းတွေ တိမ်ကောလာတဲ့အ တွက် ထောင်နဲ့ချီတဲ့ လယ်သမားတွေက နစ်နာကြေးတွေပေးဖို့နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ မန့်နောင်ကျေးရွာက လယ်သမား ကိုစိုင်းကွမ်ခေးက ဆန္ဒပြတာနဲ့ပတ်သက်ပြီး အခုလိုပြော ပါတယ်။

"သတ္တုတူးတဲ့ လုပ်ငန်းတွေကြောင့် ဒီလယ် ယာမြေတွေ ပျက်စီးခဲ့ရတယ်ပေါ့နော်၊ နောက်ပြီး သတ္တုသဲတွေကချောင်းထဲကို မျောပါလာ ပြီးတော့ ချောင်းတွေလည်းပိတ်တယ်၊ ရေသွင်း တဲ့ချောင်းလည်း ပိတ်တယ်ပေါ့နော်၊ နောက် ပြီးတော့ လယ်တွေလည်း သဲတွေဖုံးလွှမ်းတယ်ပေါ့နော်၊ ဒီနမ့်စလီးချောင်းဘေးမှာ လမ်းကလည်း ပြိုကြသွား တယ်၊ သဲတွေကလည်း ဖုံးသွားပြီးတော့ ဘယ်ဟာက လမ်း၊ ဘယ်ဟာက ချောင်း၊ ဘယ် ဟာက လယ် လည်းဆိုတာကို ခွဲခြားလို့တောင် မရတော့ဘူး"

ငွေကမ္ဘာကျော် အမည်ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက နမ့်ခမ်းမြို့မှာ သတ္တု တူးဖော်နေတာဖြစ်ပြီး သတ္တုတူးဖော်တဲ့လုပ်ငန်းက ထွက်လာတဲ့ မြေစာ၊ ကျောက်မှုန့်တွေကြောင့် နမ့်စလီးချောင်း တိမ်ကောလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချောင်းဘေးပတ်လည်က ရွာပေါင်း ၁၀ ရွာနီးပါးက လယ်မြေဧက တစ်ရာလောက် ပျက်စီးနေတယ်လို့လည်း ဆန္ဒပြလယ်သမားတွေက ပြောပါတယ်။

ဆန္ဒပြလယ်သမားတွေက သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ ရပ်တန့်ပေးဖို့၊ နမ့်စလီးချောင်းနဲ့ ဆည်တွေကို ပြန်လည် တည်ဆောက်ပေးဖို့၊ ဆုံးရှူံးခဲ့တဲ့ လယ်မြေတွေနဲ့ သီးနှံတွေအတွက် လျော်ကြေးပေးဖို့၊ ပျက်စီးသွားတဲ့လယ်မြေတွေကို စိုက်ပျိုးလို့ရအောင် ပြန်လည်ပြုပြင်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ နမ့်စလီးချောင်းဘေးတစ်လျှောက်မှာရှိတဲ့ ဟိုဆိုင်း၊ မန့်နောင်၊ မန့်ခမ်း၊ ပန်ထိုလေး စတဲ့ ကျေးရွာပေါင်း ၁၀ ရွာနီးပါးက လယ်သမား ၃၀၀၀ လောက် ပါဝင်ခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ နမ့်ခမ်းမြို့နယ် မန့်နောင်ရွာက လယ်သမား ကိုစိုင်းကွမ်ခေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။