အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးရေးကိစ္စ လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါဟာ သမ္မတအကြံပေးအဖွဲ့ဝင် ၆ ဦးနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေက ရန်ကုန်မြို့ မှာ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတကာညီလာခံတခုတွင် တွေ့ရသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ။ (World Economic Forum; Photo by Sikarin Thanachaiary)
အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေဟာ အဖွဲ့အစည်း အသိုက်အဝန်း အကုန်လုံးက ဝိုင်းဝန်းအားပေး ကူညီမယ်ဆိုရင် မြန်မြန်ဆန်ဆန် အောင်မြင်ပြီးတော့မှ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာပဲ၊ ဒါကို နှေးသေးတယ် ဆိုပြီးတော့မှ ဟန့်တားထားအုံးမယ်ဆိုရင် အားလုံးက လိုချင်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေဟာ ကြန့်ကြာသွားလိမ့်မယ်၊ ဒါကြောင့်မို့လို့ အားပေးတာ ပိုကောင်းပါတယ်လို့ ကျနော်တို့ ဖြေလိုက်ပါတယ်”
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက အာစီယံဥက္ကဌတာဝန်ကို ရယူဖို့ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် နိုင်ငံတကာရဲ့ ဝေဖန်တားမြစ်မှုခံရပြီး အာဆီယံဥက္ကဌတာဝန်နဲ့ လွဲခဲ့ကာ လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ကို ယူဖို့ မြန်မာအစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |
| ဆက်သွယ်မေးမြန်းတင်ပြချက်။ |
|
| အသံဖိုင်ယူရန်။ |
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်
မြန်မာ့ ဒီမိုကရေစီရေး အင်ဒိုနီးရှားက ကူညီမည်
ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း
ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အများအပြား ကျန်သေးကြောင်း သြစတြေလျဝန်ကြီးချုပ် ပြော
၂ဝ၁၄ မတိုင်ခင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း
၂၀၁၄ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌနေရာ မြန်မာကို ပေးဖို့ သဘောတူ
မြန်မာကို ၂၀၁၄ ဥက္ကဋ္ဌ နေရာပေးရေး အာဆီယံ ထောက်ခံဖို့များနေ
မြန်မာအပြောင်းအလဲ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ သဘောမရှိလို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးမြင်
မှတ်ချက်များ
Click here to add your own comment