ဒီမိုကရေစီအတွက် ထောင်ချောက်ဖြစ်လာတတ်တဲ့ အမျိုးသားရေးဝါဒကို သတိပြုဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ သတိပေးခဲ့ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ ၉၃ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာထုတ်ပြန်တဲ့ အချက် ၄ ချက်ပါ ကြေညာချက်မှာ ထည့်သွင်းသတိပေး ခဲ့တာပါ။
ဒါ့အပြင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး ကာလတွေက အမျိုးသားရေးကြွေးကြော်သံဟာ အမျိုးသားလွတ်လပ်ရေးရရှိဖို့ဖြစ်သလို ယနေ့ကာလ အမျိုးသားရေးကြွေးကြော်သံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိဖို့ ဖြစ်လာခဲ့တဲ့အတွက် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ဖို့ အမျိုးသားရေးတာဝန်အဖြစ် အဓိကထားဆောင်ရွက်ရမယ်လို့လည်း ထည့်သွင်းထား ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ အမျိုးသားနေ့ သဘောထားထုတ်ပြန်ချက် ကြေညာ ပြီးနောက်မှာ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)၊ စာရေးဆရာမ နုနုရည် (အင်းဝ)နဲ့ ကာတွန်းအော်ပီကျယ်တို့က အမျိုးသားနေ့ စာပေဟောပြောပွဲကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အပါအဝင် လူ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။