အမျိုးသားစာပေဆု ၁၅ ဦးရရှိ

၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ အမျိုးသားစာပေတသက်တာဆုနဲ့ စာပေဗိမာန်စာမူဆု ပေးပွဲအခန်းအနားကို မနေ့က မနက်က ၉ နာရီမှာ ရန်ကုန်မြို့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားစာပေတစ်သက်တာဆုကို စာရေးဆရာကြီးတွေဖြစ်တဲ့ ဆရာမြဇင်၊ ဆရာမောင်ပေါ်ထွန်းနဲ့ ကဗျာဆရာ ကိုလေး-အင်းဝဂုဏ်ရည်တို့ချီးမြှင့်ခံရပါတယ်။

အမျိုးသားစာပေဆုမှာတော့ ဝတ္ထုရှည်ဆုကို စာရေးဆရာမ စံပယ်ဖြူနုက မြောက်ဖျားဆီကအလွမ်း ရာသီ စာအုပ်နဲ့ရရှိပြီး၊ ဝတ္ထုတိုပေါင်းချုပ်ဆုကို ဆရာကြူးနစ်က မာရ်နတ်စည်းစိမ်စာအုပ်အတွက် ရရှိခဲ့ပါတယ်။ ကဗျာဆုကိုတော့ ဆရာမောင်လင်းကြည်က မိုးဦးလေဦးကဗျာများစာအုပ်နဲ့ရရှိခဲ့ ပါတယ်။ အမျိုးသားစာပေဆု အတွက် စာရေးဆရာ ၁၅ ဦးရွေးချယ်ချီးမြှင့်ခံရပါတယ်။

စာပေဗိမာန်စာမူဆုအတွက်ကို စာရေးဆရာ ၂၆ ဦး ချီးမြှင့်ခံရပါတယ်။ အမျိုးသား စာပေတသက်တာ ဆုတစ်ဆုကို ကျပ်ငွေ ၂၅ သိန်းချီးမြှင့်ပြီး၊ အမျိုးသားစာပေ အတွက် တစ်ဆုကို ကျပ်ငွေ ၁၅ သိန်း ချီးမြှင့်ပါတယ်။ စာပေဗိမာန်စာမူဆုမှာတော့ ပထမဆုအတွက် ၇ သိန်း၊ ဒုတိယဆုအတွက် ၅ သိန်းနဲ့ တတိယဆုအတွက် ၃ သိန်းစီအသီးသီးချီမြှင့်တယ်လို့ သိရပါတယ်။

ဆုပေးပွဲကို ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းတက်ရောက်ချီးမြှင့်ပြီး၊ အမျိုးသား စာပေတသက်တာ ဆုရှင်တွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးကလဲ တဦးကို ကျပ်ငွေ ၁၀ သိန်းစီချီးမြှင့်တယ်လို့သိရပါတယ်။