အကောင်းဆုံး သတင်းဆုကို ကုမုဒြာဂျာနယ်က သတင်းထောက် (၄) ဦးရေးတဲ့ (နိုင်ငံအနာဂတ်အတွက် အစပျိုးခြင်း) သတင်းက ရရှိသွားပြီး ၊ 7 Day ဂျာနယ် အမှုဆောင်အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင် ရေးတဲ့ (လက်နက်ကိုင်အရေး စားပွဲဝိုင်းပေါ် ရောက်ပြီလား) ဆိုတဲ့ဆောင်းပါးက အကောင်းဆုံး သတင်းဆောင်းပါးဆုကို ရရှိသွားပါတယ်။
ဒါ့အပြင် အကောင်းဆုံး သတင်းဓါတ်ပုံဆုအတွက် အငြိမ်းစားပင်စင်စားများ သတင်းဓါတ်ပုံကို ရိုက်ကူးသူ ပေါ်ပြူလာ နယူးစ် ဂျာနယ်က ကိုအောင်နိုင်စိုးက ဆွတ်ခူးရရှိသွားပြီး၊ အကောင်းဆုံး သတင်းကာတွန်းဆုကိုတော့ True News ဂျာနယ်မှာ လာဘ်ပေးလာဘ်ယူအကြောင်း သရော်ပြီးရေးထားတဲ့ ကာတွန်းရေးသူ သီဟ (စခန်းသစ်) က ရရှိသွားပါတယ်။ တနှစ်တာ အတွင်း အထူးခြားဆုံး ဓါတ်ပုံဆုကိုတော့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် စတွေ့တဲ့နေ့က သမ္မတရုံးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံကို ဆုပေးအပ်ခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင် တက်ရောက်တဲ့ ဒီ အမျိုးသား သတင်းဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ ထင်မြင်ချက်အာဘော် သတင်းခေါင်းကြီးဆု ချီးမြှင့်ဖို့ အစောပိုင်းမှာ ရာထားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ "ရာမယန" ဆောင်းပါးနဲ့ပတ်သက်လို့ ဆုကော်မတီအတွင်း အငြင်းပွားဖွယ်တချို့ ရှိခဲ့တယ်လို့ သိရပါတယ်။