ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့က ဗလီ ၁ လုံးနဲ့အိမ် ၅ လုံးကို မနေ့ညက အကြမ်းဖက်သမားတစ်စု ဝင်ရောက်ဖျက်ဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။
ည ၉ နာရီကျော်လောက်မှာ လူ ၁ ရာကျော်လောက် မြို့ထဲရောက်လာပြီး ဖျက်ဆီးသွားတာလို့ မျက်မြင်သက်သေတစ်ဦးက RFA ကို ပြောပါတယ်။
အခုလို ဖျက်ဆီးခံရတဲ့အိမ်တွေမှာ အခင်းမဖြစ်ခင်ကတည်းက နေထိုင်သူတစ်ယောက်မှ မရှိတော့တဲ့အတွက် လူတစ်ဦးမှ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့သိရပါတယ်။
၂၅ ရက်နေ့ညကလဲ ကြို့ပင်ကောက်မြို့က ဗလီတစ်ခု ဖျက်ဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။
အခုလိုအခြေအနေတွေကြောင့် အုတ်ဖို၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့တွေမှာ မနေ့ညနေကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ဖေ့ဘွတ်လူမှုရေးစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။