ကေအဲန်ယူ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ပုသိမ်လူထုနဲ့ တွေ့ဆုံ


2014.05.02
zipporahsein-305 ပုသိမ်မြို့မှာ မတ်လ ၅ ရက်နေ့က ကရင်စည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးပွဲမှာ ကေအဲန်ယူ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် ဟောပြောစဉ်
photo: Naw Susanna Soe

ကရင်စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ ဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကရင်လူထု နဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ လူထုဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့ တယ်လို့ ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဖိုးသာဖြူ အောက်မေ့ဖွယ် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း မှာ တွေ့ဆုံဆွေးနွေးရာ ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် တက်ရောက်ပြီး ကရင်ြ ရင်စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကော် မတီအဖွဲ့ဝင် ဒေါ်နန်းမြင့်တင်က ပြောပါတယ်။

"ကရင့်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကနေ ပြီးတော့ တတိယအကြိမ် အစည်းအဝေးပြန် လုပ်တာ၊ စည်းလုံးရေး၊ ငြိမ်းချမ်းရေး၊ ကရင့်အနာဂတ်ဘဝ လှပရေးအပေါ်မှာ ဘယ်လိုမြင်သလဲ၊ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ကြမလဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာတွေကို ဒေသအလိုက်လုပ်တဲ့ဟာတွေမှာ ဒီမှာပြန်လည်ပြီးတော့ တင်ပြတယ်၊ ဆရာမ နော်စီဖိုးရာစိန်ကတော့ လူထုတွေက ဘာလိုချင်ပါတယ်ဆိုတာကို သူတို့တွေက ပြောပေး နိုင်ဖို့ပါတယ်ပေါ့နော်၊ ပြည်သူ့အသံကို လာနားထောင်တာပေါ့နော်"

ပဒိုနော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကစပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေက ပြည်သူတွေ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနေကြတာပါ။

မနေ့က ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က ကရင်လူထုနဲ့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့မှာလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှာဖြစ်သလို အခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။