“အခြေအနေက တော်တော်ဆိုးတယ်။ သူက ခါးရိုးမှာ အကြောညှပ်လို့ အောက်ပိုင်းတောင် သေသွားနိုင်တယ်။ အဲဒါကို MRI စက်နဲ့ စစ်မှ အဖြေထွက်မှာခင်ဗျ။ အဲဒါမှ သူ့အခြေအနေကို သိပြီး ကုလို့ရမယ်။ အခု ကျနော်တို့က ဆေးစစ်ဖို့ ခွင့်ပြုချက် တောင်းတုန်းပဲ။ အပြင်မှာ စစ်ဆေးမှ ရမှာခင်ဗျ။ ထောင်ထဲမှာကတော့ ဆေးကုလို့ မရဘူးခင်ဗျ” ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဟာ ဒီဝေဒနာကို အဖမ်းခံရပြီးနောက် ထောင်ထဲရောက်ပြီးမှ ရရှိတာဖြစ်တယ်လို့ သိရှိရပါတယ်။ သူဟာ အခုအချိန်မှာ လုံးဝ လမ်းမလျှောက် နိုင်တော့ဘဲ ပြီးခဲ့တဲ့ ရုံးချိန်း လာရောက်ရာမှာ ထမ်းစင်နဲ့ သယ်ဆောင်ခဲ့ ရတယ်လို့ သိရပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကို အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ၃၃ (က) နဲ့ စွဲဆိုထားပြီး လာမည့် လေးရက်နေ့မှာ တရား စွဲဆိုမှုနဲ့ပတ်သက်ပြီး ထောင်တွင်း အထူးခရိုင် တရားရုံးမှာ အပြီးသတ် လျှောက်လဲချက်ပေး မှာဖြစ်ပါတယ်။ အဲဒီနေ့မနက်မှာပဲ သူ့အမှုမှာ တင်ပြတဲ့ သက်သေခံ တွေဟာ ဥပဒေနဲ့ မညီလို့ပယ်ဖျက်ပေးဖို့ အတွက် တိုင်းတရား လွှတ်တော်မှာ လျှောက်လဲဖို ့ရှိတယ်လ့ို လည်း သိရပါတယ်။
