အရေးကြီး နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်စေလိုကြောင်း နေဘုန်းလတ် ပြော

2011-11-06

ဖားအံအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က လောလောဆယ် သူ မလွတ်မြောက်သေးပေမယ့် တခြား ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အရင် လွတ်မြောက်ဖို့ လိုလားကြောင်း ပြောဆိုလိုက်ပါတယ်။

Image: RFA

လူငယ်ဘလော့ဂါ နေဘုန်းလတ်၏ ဘလော့ဂ်စာမျက်နှာ တစိတ်တဒေသ ဖြစ်ပါသည်။

ကရင်ပြည်နယ် ဖားအံ အကျဉ်းထောင်မှာရှိတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို မကြာခင်က ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ်မှာ အဲဒီလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်သန်းအေး က RFA ကို ပြောပါတယ်။

ကိုနေဖုန်းလတ်ဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး ၂ဝဝ၈ ခုနှစ်အတွင်းမှာ အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် အနှစ် ၂ဝ ကျော် ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် အယူခံ ဝင်ခဲ့ရာမှာ ပြစ်ဒဏ်ကို ၁၂ နှစ်အထိ ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြစ်ဒဏ် (၁) နှစ် လျှော့ပေါ့ခံရပြီး ဖားအံ အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့

နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု

နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော

ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော