ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြန် လည်လွတ်မြောက်

0:00 / 0:00

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)နဲ့ ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒီနေ့နေ့လည် ၁ နာရီဝန်းကျင်မှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အကျဉ်းထောင်အတွင်းရောက်ရှိလာပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ဖတ်ပြပြီးနောက် လွှတ်ပေးလိုက်တာလို့ ဦးနေမျိုးဇင်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်းပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာဖြစ်ပါတယ်။ တောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ကြိုးစားရင်း အရင်အမှုဟောင်းရဲ့ ကြွေးကျန်ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လထပ်မံကျခံခဲ့ရတာဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဦးနေမျိုးဇင်းကို RFA သတင်းထောက် မအိအိခိုင် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။