ရှေ့ ၂၅ နှစ်ကာလ အရှေ့တောင်အာရှမှာ မြန်မာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်

2011-11-24

မြန်မာနိုင်ငံဟာ လာမဲ့ ၂၅ နှစ်ကာလအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

RFA

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံတွင် လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း အစီအစဉ်နှင့် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ် တွေ့ဆုံခဲ့စဉ်။

အစိုးရအနေနဲ့ မှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ အားမြှင့် လုပ်ဆောင်နေပြီဖြစ်လို့ လက်ရှိ အရှိန်အဟုန်အတိုင်း ဆက်ဆောင်ရွက်သွားရင် အရှေ့တောင်အာရှမှာ အဆင့်တစ်က သုံးအတွင်း စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံ ကာလအတွင်း အာရ်အက်ဖ်အေနဲ့ သီးသန့် တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ထားခဲ့တာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ထိခိုက် နစ်နာခဲ့ရတဲ့အပြင် ငွေကြေးအကူအညီ၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ဈေးကွက်၊ လူဝင်မှု စတဲ့ ကဏ္ဍရပ်တွေမှာလည်း ဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

အခုအခါမှာတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်မှု ရုပ်သိမ်းရေး အပါအဝင် အကူအညီတွေ ပြန်လည်ရရှိဖို့ လမ်းစပွင့်လာပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ လာမယ့် ၁၀ စုနှစ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံး တတိယနိုင်ငံ အဆင့်ကနေ ဒုတိယနိုင်ငံ အဆင့်ကို ရုန်းထွက်နိုင်တော့မယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်မှာ သဘာဝ အရင်းအမြစ်၊ လူသား အရင်းအမြစ် ပေါများကြွယ်ဝပေမဲ့ စစ်အာဏာရှင် စနစ်အောက်မှာ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ၁၉၈၇ ခုမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

RFA ဝိုင်းတော်သား ဦးခင်မောင်စိုနဲ့ ဒေါက်တာနေဇင်လတ် တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို မေးမြန်းခန်း ကဏ္ဍတွင် နားဆင်နိုင်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်