NCCT ခေါင်းဆောင်တွေ မြစ်ကြီး နားလူထုနဲ့ တွေ့ဆုံ

2014-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
NCCT ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားလူထုတို့ မေလ ၁၆ ရက်နေ့က တွေ့ဆုံစဉ်
NCCT ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားလူထုတို့ မေလ ၁၆ ရက်နေ့က တွေ့ဆုံစဉ်
photo: Kyaw Myo Min/RFA

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ဝင်တွေဟာ ဒီကနေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်း မှာ ဒေသခံကချင်တိုင်းရင်းသားတွေ နဲ့ တွေ့ဆုံပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွေ့အကြုံတွေကို ရှင်းပြခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်ဂွမ်မော်က ကချင်လွတ်မြောက်ရေးအဖွဲ့  KIO အနေနဲ့  ပြည်ထောင်စုကနေ ခွဲထွက်သွားမှာမဟုတ်ကြောင်း အခုလို ရှင်းပြခဲ့ပါတယ်။

"နိုင်ငံတော်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ် ဆိုတာ ကျနော်တို့သိတယ်၊ ကေအိုင်အိုက ဒီကနေ့ Kachin Independence Organization ဆိုတဲ့ နာမည်နဲ့ ကျနော်တို့ တော်လှန်ရေးကိုလုပ်ခဲ့တာ၊ အဲတော့အစိုးရက ကျနော်တို့ကို ပြည်ထောင်စုထဲကနေ ဘယ်တော့မှမခွဲထွက်ဘူးလို့ လက်မှတ်ထိုးစေချင်တယ်၊ ကျနော်တို့ပြောတာက ကျနော်တို့အတူတကွနေ မယ် ဆိုတဲ့စာချုပ်က ၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပြီးသားဖြစ်တယ်၊ ၁၉၇ဝ၊ ၇၄ ကနေ စပြီး ကေအိုင်အိုဟာ လက်ရှိအခြေအနေ ကမ္ဘာ့အခင်းအကျင်းများကို သုံးသပ်ပြီးတော့ ကျနော်တို့ရဲ့မူဝါဒ သဘောထားအချို့ကို လူထုကြားထဲကို message တွေပို့ခဲ့တာကတော့ ပြည်ထောင်စုအမည်ဖြစ်ပါတယ်၊ ကျနော်တို့ ကေအိုင်အိုအနေနဲ့ ငြိမ်းချမ်းရေးကို  မလိုချင်လို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို မရေးထိုး တာမဟုတ်ဘူး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဖြစ်စဉ်အပေါ်မှာ ကျနော်တို့သွားနေတာဖြစ် ပါတယ်လို့ ကျနော်ပြောလိုပါတယ်"

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့အတွက် အစိုးရရဲ့ကြိုးပမ်းနေမှုကို ကြိုဆိုကြောင်းနဲ့  ငြိမ်းချမ်းရေးရရှိဖို့အတွက်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အဓိကကျနေကြောင်း NCCT အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးနိုင်ဟံသာက ဒီနေ့ တွေ့ဆုံပွဲမှာ ကချင်လူထုကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ သီးသန့်ဆွေးနွေးပွဲကို လေ့လာသူအဖြစ် NCCT တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာဖြစ်ပြီး ဒီနေ့ ကချင်လူထုနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

NCCT အဖွဲ့ခေါင်းဆောင်တွေဟာ ကေအိုင်အိုရဲ့ ဖိတ်ကြားချက်နဲ့ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို သွားရောက်မှာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရဲ့ ဒီကနေ့ တွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးမင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

be wise enough

YES.GENERAL GUNMAW. WE CAN NOT FORGET THE PAST AS THERE WERE MANY EXPERIENCES TO BE LEARNED & BE ABLE TO DEAL WISELY AND EFFECTIVELY IN THE PRESENT & IN THE FUTURE for Kachin's National Interests as well as the Nation as a whole.

May 17, 2014 09:13 AM

ဆိုက်တခုလုံးသို့