သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တာကို NCGUB ကြိုဆိုပေမဲ့၊ အစိုးရဘက်က လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ ဆောင်ရွက်ချက်မျိုး မတွေ့ရ သေးဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။ ဒ့ါအပြင် ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ တိုင်းပြည် ပြန်လာဖို့ အတွက် သမ္မတက မိန့်ခွန်းထဲ ထည့်သွင်း ပြောဆိုသွားတာထက် အစိုးရ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမျိုး ထုတ်ပြန် အကောင်အထည် ဖေါ်ရမှာ ဖြစ်တယ်လို့ ဒေါက်တာစိန်ဝင်းက ဆိုပါတယ်။ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ အနေနဲ့လည်း အမျိူးသား ရင်ကြားစေ့ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဦးဆောင် ကြိုးပမ်းမှုကို အမြဲ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ဒေါက်တာစိန်ဝင်းက ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဝေးရောက် ညွန့်ပေါင်း အစိုးရ အဖွဲ့ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဌ ကိုသံခဲ တို့ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
0:00 / 0:00