မြန်မာ့အရေးကို အဓိက အကူအညီပေးနေတဲ့ National Endowment for Democracy NED အဖွဲ့ရဲ့ ရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး အဓိက ဆွေးနွေးတင်ပြသူ တစ်ဦးကတော့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာနေချိန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အန်ဂျီအိုတွေအတွက် ဈေးကွက်အသစ် တစ်ခုလို ဖြစ်လာနေပြီး၊ အားလုံး စိတ်ဝင်စားနေတဲ့အချိန်မှာ အကူအညီတွေ မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ကြောင်း ဦးအောင်မိုးဇော်က ပြောပါတယ်။
သွားရောက်ကူညီမယ့် အဖွဲ့အစည်းတွေအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ တစ်ခုလုံးကို သိဖို့လိုသလို မြန်မာပြည်အတွင်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုလည်း သိဖို့တယ်လို့ သူကအကြံပေး ဆွေးနွေးခဲ့ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |