ဖွဲ့စည်းပုံဥပဒေ အသစ်ရေးဆွဲနိုင်ဖို့ တိုင်းရင်းသားများ ကော်မတီဖွဲ့မည်

0:00 / 0:00

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲနိုင်ဖို့ လုပ်ငန်းကော်မတီတစ်ရပ်ကို ညီညွှတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ ဦးဆောင်ြပီး အခုလမကုန်မီ ဖွဲ့စည်းသွားမယ်လို့ UNFC အဖွဲ့က ပြောပါတယ်။

ြပီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံက ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းဟာ အခုမှစတင်တာမျိုးမဟုတ်ဘဲ အရင်ပြည်ပရောက်အဖွဲ့အစည်းများ ရေးဆွဲထားတာကို ပြန်လည်ပြင်ဆင်ဖြည့်စွက်တာမျိုးပဲ ဆောင်ရွက်ဖို့လိုတယ်လို့ UNFC တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးြကီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီလုပ်ငန်းနဲ့ပတ်သက်ြပီး ပြည်တွင်းရှိ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကတော့ မိမိတို့အနေနဲ့ UNFC ဆောင်ရွက်နေတာတွေကို အကူအညီပေးသွားမှာဖြစ်တယ်လို့ပြောပါတယ်။ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က အခုလိုပြောပါတယ်။

“အခုနောက်ဆုံးညှိခဲ့တာကတော့ သူတို့ရေးထားတဲ့ အကြမ်းတစ်ရွက်ကို Soft Copy နဲ့ပို့ဖို့ ဒီဘက်မှာတစ်ခါပြန်ပို့ပေါ့၊ ပြီးတော့မှ နှစ်ကြိမ်လောက်ပို့ပြီးပြီဆိုရင်တော့ လူချင်းတွေ့ဖို့ရှိရင်ရှိမယ်”

လတ်တလောအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေးကော်မတီ ဖွဲ့စည်းြပီးချိန်မှာ တစ်လတစ်ကြိမ်လောက် အစည်းအေဝးထိုင်ြပီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ UNFC အဖွဲ့က ပြောပါတယ်။ တဆက်တည်း ရေးဆွဲြပီးဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းကို အခန်းအလိုက် အများပြည်သူလေ့လာနိုင်ဖို့ ဖြန့်ဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ြပီး UNFC အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးြကီး ခွန်ဥက္ကာကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။