နှစ်ကူးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုက်တွန်း

နှစ်ဆန်းတရက်နေ့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက တိုက်တွန်းလိုက်ပါတယ်။

0:00 / 0:00

ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ နေထိုင်တဲ့ စာရေးဆရာနဲ့ ကဗျာဆရာကြီး ဒဂုန်တာရာ၊ အင်းဝမြို့က ကဗျာဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)၊ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ဆရာမောင်စွမ်းရည်၊ ရန်ကုန်မြို့က စာရေးဆရာ ဦးအောင်သင်း၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေး၊ တက္ကဆတ်စ် ပြည်နယ်က အဆိုတော် လားရှိုးသိန်းအောင် တို့ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေကို RFA ဝိုင်းတော်သားတွေက ဆက်သွယ် စုစည်းထားတာကို ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်။