အကျဉ်းသားလွှတ်ပေးရေး အစိုးရသစ် တွန့်ဆုတ်နေ

သမတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအင်အားစုတွေ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ အဓိက တောင်းဆိုချက်တခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို လျစ်လျူပြုထားဆဲ ဖြစ်ပါတယ်။

0:00 / 0:00

အာဖရိကနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြန်မာနိုင်ငံကို ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို တွန့်ဆုတ်နေတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆို လှုပ်ရှားမှုတွေ အပါအဝင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ဆလိုင်း အင်ဒရူးလျံကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်