အာဏာလွှဲသည်ဆိုသော်လည်း လူထုဘဝတိုးတက်ရေး မမြင်ရ

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထဲကနေ အရပ်သား အစိုးရတရပ် လက်ထဲ အာဏာကို လွှဲပြောင်းပေးလိုက်ပြီ ဆိုပေမဲ့ လူထုဘဝ တိုးတက်ရေးအတွက် လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေကို ထင်သာမြင်သာ မတွေ့ရပဲ ဖြစ်နေတယ်လို့ HRW လို့ ခေါ်တဲ့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ Mr. David Scott Mathison က ဧပြီလ ၄ ရက်နေ့က ဆောင်းပါးမှာ ရေးသား ဖော်ပြလိုက်ပါတယ်။

0:00 / 0:00

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ရှေ့နေချုပ်သစ် ဒေါက်တာထွန်းရှင်က ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရှင်းပြခဲ့တဲ့အချက်ဟာလည်း လက်တွေ့အခြေအနေတွေနဲ့ ကွာခြားနေကြောင်း Mr. Mathison က ဆိုပါတယ်။

HRW အာရှရေးရာ ကျွမ်းကျင်သူ Mr. David Scott Mathison ရဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က ကောက်နုတ် တင်ပြထားပါတယ်။

အသံဖိုင်ယူရန်