နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်ခိုင်မင်းက သူ့ရဲ့ အကြမ်းမဖက် ဒီမိုကရေစီရေး လှုပ်ရှားခဲ့မှုနဲ ထောင်တွင်း အတွေ့အကြုံတွေကို နယူးဇီလန် လွှတ်တော်မှာ ပြောကြားခဲ့ပြီးနောက် အဓိက အတိုက်အခံ လေဘာပါတီနဲ့တကွ တခြားပါတီအားလုံးကနေ မြန်မာပြည်သူတွေကို လွတ်လပ်စွာ ဟောပြော စုရုံးခွင့်ပေးဖို့အချက် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တညီတညွတ်တည်း ခုလို တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။
နယူးဇီလန်အစိုးရဟာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျစတဲ့ နိုင်ငံတွေနဲ့အတူ မြန်မာ စစ်အစိုးရကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်တဲ့ ပြစ်မှုတွေအတွက် ကုလသမဂ္ဂက ကော်မရှင်ဖွဲ့စည်းစုံစမ်းရေးကိစ္စကို သဘောတူ ထောက်ခံထားပါတယ်။