ပါတီမှတ်ပုံတင်ရေး အင်န်အယ်လ်ဒီ ဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့မနက် ဆယ်နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပရာ ပါတီမှတ်ပုံတင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောကြားပါတယ်။

မှတ်ပုံတင် လျှောက်ထားဖို့ တာဝန်ရှိသူနှစ်ဦး ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒီအပတ်ထဲမှာ သွားမယ်လို့ ဆိုပါတယ်။ ဒီကနေ့အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ဝင် ဆရာဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်နဲ့ ဦးထွန်းထွန်းဟိန်တို့ စုံစုံညီညီ တက်ကြပါတယ်။