NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို

NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာကျိန်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

2012.04.30
88-leader-net-work-election-b305 ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးစီးပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကွန်ယက် ဖွဲ့စည်းသည့် အခမ်းအနား၌ ကိုမင်းကိုနိုင် စကားပြောနေစဉ်။
Photo courtesy of 88 Generation Student website

ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတုန်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်တာပါ။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အပြန်အလှန် လိုက်လျောမှုကို ဖော်ပြလိုက်သလို NLD ကို မဲထည့်ခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ စိုးရိမ်မှုကိုလည်း ဖြေရှင်းပေးရာ ရောက်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကျမ်းကျိန်လွှွာပါ စာသားထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည် ဆိုတဲ့စာသားကို ပြင်ဆင်ပေးဖို့ NLD ပါတီက တောင်းဆိုရာက ဧပြီလ(၂၃) ရက်နေ့က လွှတ်တော်ကို မတက်ရောက်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-01 01:44

အ၇မ်းမွန်မြတ်တဲ့ဆုံးဖြတ်ချက်ပါ......တကယ့်သူ၇ဲကောင်း
စိတ်ဓါတ်၇ှိတာထင်၇ှားပါတယ် ....ယုံကြည်လေးစားမိပါတယ်
ဒီမိုကေ၇စီ မိခင်လို့ ခေါ်လိုက်ပါတယ်

Anonymous
2012-05-02 02:14

we must go step by step