အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် တချို့နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့ အစည်းခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ မနေ့က တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
၆ ပွင့်ဆိုင်ဆွေးနွေးပွဲအလားအလာ၊ တိုင်းရင်းသားတွေ နဲ့ အပစ်ရပ်ပြီးတဲ့နောက် ပေါ်ပေါက်လာနိုင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲ အခြေအနေတွေအပါအဝင် ၊ ရွေးကောက်ပွဲနဲ့ မြန်မာ့နိုင်ငံရေးအထွေထွေ အခြေအနေကိုသုံးသပ်ခဲ့ကြတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက RFA ကိုပြော ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အတွက် နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ မပါပဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရက ပဲ ဆွေးနွေးလုပ်ကိုင် ဆောင်ရွက်သွားမယ် ဆိုရင် ပြီးပြည့်စုံမှုရှိမှာမဟုတ်ဘူးလို့ သုံးသပ်ဆွေးနွေးကြ တယ်လို့လည်း သိရပါတယ်။
