နိုင်ငံတော်အမည်ကို Burma ဘားမား ဆိုပြီး ဒေါ်အောင်ဆန်း စုကြည် ပြောဆို သုံးနှုန်းနေတာကို မြန်မာလို့သာ ခေါ်ဆိုအသုံးပြုဖို့ အသိပေး အကြောင်းကြားထားကြောင်း ဒီကနေ့ အစိုးရထုတ် သတင်း မီဒီယာတွေမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက AP သတင်းဌာနကို အခုလို တုံ့ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အခုလို အသိပေး အကြောင်းကြားတဲ့ ကိစ္စဟာ ပြဿနာကြီးတရပ် မဟုတ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က အခုလို သတိပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |
Myanmar, Burma ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းတာကို သတိပေးတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင် ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |